

အာဂုံဖြေဆိုရမည့်ဒုတိယပလ္လင်ဖြစ်သော
ခန္ဓယမက ပဏ္ဏတ္တိဝါရဇယားများတင်ပေးလိုက်ပါသည်။
ဇယား၏ဘယ်ဖက်အခြမ်းများသာဆိုပါက
ဥဒ္ဒေသဖြစ်ပြီးညာဖက်အခြမ်းများသည်နိဒ္ဒေသဖြစ်ပါသည်။
ဘယ်ဖက်အခြမ်းတွင်
ပဒသောဓနဝါရအနုလောမ၌ရူပံ—ရူပက္ခန္ဓောဟုသာ
ဖော်ပြထားရာအပြန်အလှန်အားဖြင့်
ရူပက္ခန္ဓော –ရူပံ ဟုဆက်လက်ဆိုရပါမည်။
ထိုနည်းတူကျန်ခန္ဓာများကိုလည်းဆိုရပါမည်။
ညာဖက်အခြမ်းတွင်ဇယားကွက်အတွင်း၌
ရူပံ(အဝါရောင်)ရူပက္ခန္ဓော(အပြာရောင်)မှာမေးခွန်းအတွက်
အနုလောမအားဖြင့် (ရူပံ ရူပက္ခန္ဓောတိ )ဟုဖြစ်၍
ပဋိလောမတွင် (ရူပက္ခန္ဓော ရူပန္တိ )ဟုဖြစ်ပါသည်။
အဖြေတွင် — ပိယရူပံ သာတရူပံ
(အပေါ်ဖက်အရောင်ကွက်ကိုကြည့်ပါ)
ရူပံ နရူပက္ခန္ဓော
အောက်ဆုံးကွက် ရူပက္ခန္ဓော
(အရောင်ကွက်ကိုပြန်ကြည့်ပါ)
ရူပေဥ္စဝ ရူပက္ခန္ဓောစ ။
ပဋိလောမအတွက်အာမန္တာကိုမျှားဖြင့်
သင်္ကေတပြုထားပါသည်။
ကျန်ဇယားကွက်များကို၎င်းအတိုင်းသိပါ။
မှတ်ရလွယ်စေရန်တူသောအဖြေများအတွက်
ထပ်မံဖော်ပြထားခြင်းမရှိပါ။
မရှင်းလျှင်မေးနိုင်ပါသည်။
ထပ်မံအကြံပြုလိုသည်မှာရူပက္ခန္ဓာကိုလက်မဖြင့်၎င်း
ဝေဒနာက္ခ္နန္ဓာကိုလက်ညှိုးစသဖြင့်သတ်မှတ်ပြီး
အာဂုံပြန်ဆိုသောအခါလက်ချိုး၍ပြန်ဆိုပါက
ကျော်ဆိုမိမည်မဟုတ်တော့ပေ။
အဆင်ပြေကြပါစေ။
ငြိမ်းဝေသူ (ဦးတိုးဝင်းထွန်း)
