နောက်ဆုံးပိုင်းဖြစ်သောဥပ္ပါဒနိရောဓဝါရဇယားနှင့်ပရိညာဝါရဇယားကိုတင်ပေးလိုက်ပါသည်။ဤဇယားတွင်လဲဩကာသဝါရကိုသိလွယ်ပြီးဖြစ်၍ထည့်သွင်းမထားပါ။ဇယားကိုကြည့်၍ပါဠိတော်ကိုဆိုတတ်အောင်လေ့ကျင့်ပါ။ထို့နောက်ဇယားကိုအလွတ်ရအောင်ရေးကျက်ပါ။အာဂုံပြန်ဆိုသောအခါဇယားကိုစိတ်ထဲတွင်မြင်နေပါကအခက်အခဲမရှိပြန်ဆိုနိုင်ပါလိမ့်မည်။ အဆင်ပြေပါစေ—-ငြိမ်းဝေသူ Credit: ဆရာငြိမ်းဝေသူ (ဦးတိုးဝင်းထွန်း)
စတုတ္ထပလ္လင်ဖြစ်သောနိရောဓဝါရဇယားကို တင်ပေးလိုက်ပါသည်။ နိရောဓဝါရအတွက် သြကာသဝါရကိုနားလည်လွယ်ပြီဖြစ်၍ ထပ်မံရေးဆွဲထည့်သွင်း မထားပါ။ သင်္ကေတအနေနှင့်လည်း အပိုင်း(၃)တွင် ဖော်ပြထားပြီးဖြစ်ရာအထူးအားဖြင့် (နိ)ဟူသော သင်္ကေတသည် နိရုဇ္စျတိ/နိရုဇ္စျိတ္ထ စသဖြင့်ကာလအလိုက် ကြည့်၍ဆိုပါ။ ယေစ—ယေစအရူပံဥပပဇ္ဇိတွာ ပရိနိဗ္ဗာယိဿန္တိ တေသံစဝန္တာနံ ဤနှစ်ခုသာထူးပါသည်။ သင်္ကေတဇယားကို ရေး၍ကျက်ထားပါက မည်သည့်နေရာကို ကျော်မေးသည်ဖြစ်စေ
Read More
တတိယပလ္လင်ဖြစ်သောပဝတ္တိဥပ္ပါဒဝါရဇယားကို တင်ပေးလိုက်ပါသည်။၎င်းဇယားတွင် အသုံးပြုထားသောသင်္ကေတများမှာ ၁ဥ–အသညသတ္တံဥပပဇ္ဇန္တာနံ ၁စ–အသညသတ္တာစဝန္တာနံ ၁—အသညသတၱာနံ ၄ဥ–အရူပံဥပပဇ္ဇန္တာနံ ၄စ–အရူပါစဝန္တာနံ ၄—အရူပါနံ ၅ဥ–ပဥ္စဝေါကာရံဥပပဇ္ဇန္တာနံ ၅စ–ပဥ္စဝေါကာရာ စဝန္တာနံ ၅—ပဥၥေဝါကာရာနံ သုဒ္ဓဥ–သုဒ္ဓါဝါသံဥပပဇ္ဇန္တာနံ သုဒ္ဓပရိ–သုဒ္ဓါဝါသေပရိနိဗ္ဗာန္တာနံ သုဒၶ—-သုဒၶါဝါသာနံ (၄၅)ဥ—စတုဝေါကာရံ၊ပဥ္စဝေါကာရံဥပပဇ္ဇန္တာနံ (၄၅)စ—စတုဝေါကာရာပဥ္စဝေါကာရာစဝန္တာနံ (၄၅)—စတုဝေါကာရာနံပဥ္စဝေါကာရာနံ ပစ္ဆိဥ–ပစ္ဆိမဘဝိကာနံ ဥပပဇ္ဇန္တာနံ ပရိ—ပရိနိဗ္ဗာန္တာနံ
Read More
အာဂုံဖြေဆိုရမည့်ဒုတိယပလ္လင်ဖြစ်သော ခန္ဓယမက ပဏ္ဏတ္တိဝါရဇယားများတင်ပေးလိုက်ပါသည်။ ဇယား၏ဘယ်ဖက်အခြမ်းများသာဆိုပါက ဥဒ္ဒေသဖြစ်ပြီးညာဖက်အခြမ်းများသည်နိဒ္ဒေသဖြစ်ပါသည်။ ဘယ်ဖက်အခြမ်းတွင် ပဒသောဓနဝါရအနုလောမ၌ရူပံ—ရူပက္ခန္ဓောဟုသာ ဖော်ပြထားရာအပြန်အလှန်အားဖြင့် ရူပက္ခန္ဓော –ရူပံ ဟုဆက်လက်ဆိုရပါမည်။ ထိုနည်းတူကျန်ခန္ဓာများကိုလည်းဆိုရပါမည်။ ညာဖက်အခြမ်းတွင်ဇယားကွက်အတွင်း၌ ရူပံ(အဝါရောင်)ရူပက္ခန္ဓော(အပြာရောင်)မှာမေးခွန်းအတွက် အနုလောမအားဖြင့် (ရူပံ ရူပက္ခန္ဓောတိ )ဟုဖြစ်၍ ပဋိလောမတွင် (ရူပက္ခန္ဓော ရူပန္တိ )ဟုဖြစ်ပါသည်။
Read More
မူလယမိုက်ဇယားများတင်ပေးလိုက်ပါသည်။ပထမကုသလဇယားတွင်ကြည့်ပါ။အပြာရောင်ခြယ်ထားသောတရားကို အပြာရောင်ဆိုပြီးပါကအဝါရောင်ကိုအစဉ်လိုက်ပြောင်းဆိုပါ။ နိဒ္ဒေသအတွက် 1 ကွက်ပါတရားအားလုံးဆိုပါ။ဥပမာအနုလောမအတွက် ။ ။ယေကေစိကုသလာဓမ္မာသဗ္ဗေတေကုသလမူလာတိ။တီဏေဝ (ကုသလမူလာနိ) —နှစ်ဖက်ရအဝသေသာ (ကုသလာဓမ္မာ န ကုသလမူလာ)တစ်ဖက်ရတီဏေဝနှင့်အဝသေသာတို့ကိုအောက်ဖက်တွင်မျဉ်းဆွဲ၍ပြထားပါသည်။၎င်းကိုအပြာရောင်ကွက်ရှိတရားနှင့်တွဲဆိုပါ။ပဋိလောမအတွက်အပြာရောင်ကွက်ကိုညာမှဘယ်ဆိုပါကယေဝါပနကုသလမူလာသဗ္ဗေတေဓမ္မာကုသလာတိ၊အာမန္တာကုသလပဒတွင်အဖြေဝိဘင်းသုံးမျိုးသာရှိသဖြင့်အဖြေတူရာမေးခွန်းများကိုတစုထဲဖော်ပြထားပါသည်။ Credit: ဆရာငြိမ်းဝေသူ (ဦးတိုးဝင်းထွန်း)
မာတိကာပါဠိအသံဖိုင် ကို ဆရာဦးတိုးဝင်းထွန်း (ငြိမ်းဝေသူ) ရွတ်ဆိုထားသည်ကို တင်ထားခဲ့ပြီး ဖြစ်ပါသည်။ ယခု အသံဖိုင်မှာ ဦးသောင်းဒန် ရွတ်ဆိုပူဇော်ထားခြင်း ဖြစ်ပါသည်။
ဆရာငြိမ်းဝေသူ (ဦးတိုးဝင်းထွန်း) ရွတ်ဆိုပူဇော်ထားပါသည်။
ဆရာငြိမ်းဝေသူ (ဦးတိုးဝင်းထွန်း) ရွတ်ဖတ်ပူဇော်ထားပါသည်။
ဆရာငြိမ်းဝေသူ (ဦးတိုးဝင်းထွန်း) ရွတ်ဖတ်ပူဇော်ထားပါသည်။
သောတုဇနများ လွယ်လင့်တကူ လေ့လာကြည့်ရှုနိုင်ရန်နှင့် တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲ စုစည်းထားလိုသော သမ္မာဆန္ဒတို့ကြောင့် ပညာပါရမီ ပညာဒါန အမတဒါန ကုသိုလ်တော်အဖြစ် စကန်ဖတ်၍ PDF ဖိုင်အဖြစ် လှူဒါန်းပါသည်။🙏🙏🙏 ၁၃၇၃ – မှ ၁၃၈၄ အထိနောက်ဆုံး (၁၁) နှစ်စာ
Read More