မူလခန္ဓယမက အလွယ်ကျက်နည်းအပိုင်း(၁)

မူလယမိုက်ဇယားများတင်ပေးလိုက်ပါသည်။
ပထမကုသလဇယားတွင်ကြည့်ပါ။
အပြာရောင်ခြယ်ထားသောတရားကို

  1. 2 .3 အစဉ်လိုက်ဆိုပါကဥဒ္ဒေသဖြစ်ပါသည်။ဥပမာ
    1.တွင် ကုသလာ နှင့် ကုသလမူလာအား
    ဘယ်မှညာသို့ဆိုပါက
    ယေကေစိ(ကုသလာ)ဓမ္မာ ။သဗ္ဗေတေ (ကုသလမူလာ)
    ညာမှဘယ်သို့အပြန်အားဖြင့်
    ယေဝါပန(ကုသလမူလာ) ။သဗ္ဗေတေ ဓမ္မာ(ကုသလာ)
    ဟုရပါမည်။

အပြာရောင်ဆိုပြီးပါကအဝါရောင်ကိုအစဉ်လိုက်ပြောင်းဆိုပါ။

နိဒ္ဒေသအတွက် 1 ကွက်ပါတရားအားလုံးဆိုပါ။
ဥပမာအနုလောမအတွက် ။ ။ယေကေစိကုသလာဓမ္မာသဗ္ဗေတေကုသလမူလာတိ။
တီဏေဝ (ကုသလမူလာနိ) —နှစ်ဖက်ရ
အဝသေသာ (ကုသလာဓမ္မာ န ကုသလမူလာ)တစ်ဖက်ရ
တီဏေဝနှင့်အဝသေသာတို့ကိုအောက်ဖက်တွင်မျဉ်းဆွဲ၍ပြထားပါသည်။၎င်းကိုအပြာရောင်ကွက်ရှိတရားနှင့်တွဲဆိုပါ။
ပဋိလောမအတွက်အပြာရောင်ကွက်ကိုညာမှဘယ်ဆိုပါက
ယေဝါပနကုသလမူလာသဗ္ဗေတေဓမ္မာကုသလာတိ၊
အာမန္တာ
ကုသလပဒတွင်အဖြေဝိဘင်းသုံးမျိုးသာရှိသဖြင့်အဖြေတူရာမေးခွန်းများကိုတစုထဲဖော်ပြထားပါသည်။

Credit: ဆရာငြိမ်းဝေသူ (ဦးတိုးဝင်းထွန်း)

Leave a Reply

Your email address will not be published. Required fields are marked *