အခြေပြုမူလတန်းဖြေဆိုလိုသူများလေ့လာသိရှိနိုင်ရန်

လူပုဂ္ဂိုလ်များလည်း ပထမပြန်စာမေးပွဲများ ဖြေဆိုနိုင်ကြရန် ရည်ရွယ်၍ ဤဆောင်းပါးကို ပြုစုလိုက်ပါသည်။ အချို့သော သုံးသပ်ချက်များမှာ မိမိ၏ အယူအဆသာ ဖြစ်ပါကြောင်း။ Ye Min Thu

ပါဠိပထမပြန်စာမေးပွဲများဖြစ်ပေါ်လာပုံ
၁။ ဗုဒ္ဓသာသနာတော်၏ အခြေအမြစ်ဖြစ်သော ပရိယတ္တိသာသနာတော်ကြီး ထွန်းကားရေးကို အဓိကထား၍ ပါဠိပထမပြန်စာမေးပွဲကို သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ်(၁၀ဝဝ)ပြည့် နှစ်၊ ခရစ်နှစ် (၁၆၃၈)ခုနှစ်တွင်စတင်ကျင်းပခဲ့ပါသည်။ စာမေးပွဲပြန်ဆိုမေးမြန်းပုံမှာ ပါဠိကို နှုတ်တက် အာဂုံပြန်ဆိုစေခြင်း၊ အနက်ဓိပ္ပါယ်ကိုနှုတ်ဖြင့်မေး၍ နှုတ်ဖြင့်ဖြေဆိုစေခြင်း နှစ်မျိုးဖြစ်သည်။ ပါဠိ ပထမပြန်စာမေးပွဲကို ခေတ်အဆက်ဆက်ကျင်းပခဲ့ရာ သက္ကရာဇ်-၁၂၄၇-ခုနှစ်၊ သီပေါမင်း ပါတော်မူ ချိန်မှစ၍ (၁၀)နှစ် တိုင်တိုင် ပထမပြန်စာမေးပွဲ မကျင်းပနိုင်ဘဲ ရပ်ဆိုင်းခဲ့ရပါသည်။


၂။ သာသနာတော်အတွက် စိုးရိမ်ကြောင့်ကျတော်မူကြသော တောင်တော်သာသနာပိုင် ဆရာတော်ကြီး ပခန်း ဆရာတော်ဘုရားကြီး၊ လှထွေဆရာတော်ဘုရားကြီးနှင့် လယ်ကိုင်းမြို့စား ကင်းဝန်မင်းကြီးတို့ကိုယ်တိုင် ပထမပြန်စာမေးပွဲများကို ပြန်လည်ကျင်းပသင့်ကြောင်း အင်္ဂလိပ် အစိုးရအား တိုက်တွန်းအကြံပေးခဲ့ရလေသည်။ ယင်းအကြံပေးချက်အရ အင်္ဂလိပ်အစိုးရက ၁၈၉၅-ခုနှစ် (၁၂၅၇-ခုနှစ်)နယုန်လမှစ၍ နှစ်စဉ် ပထမပြန်ကော်မတီတစ်ခု စီမံအုပ်ချုပ်၍ ပြန်လည်ကျင်းပခဲ့သည်။


၃။ ပါဠိပထမပြန်စာမေးပွဲကို ၁၃၄၆(၁၉၈၄)ခုနှစ်မှစ၍ အခြေပြုမူလတန်းကို တစ်တန်းတိုး၍ ကျင်းပခဲ့ပါသည်။ ၂၀ဝ၂ ခုနှစ်တွင် အခြေပြုမူလတန်းကို ဆက်လက်မကျင်းပတော့ဘဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ကိုသာ ကျင်းပပါသည်။ အခြေပြုမူလတန်းကို ပြန်လည်ကျင်းပပေးပါရန် ၂၀၁၆-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ပညာရေးဗဟိုအဖွဲ့မှ မေတ္တာရပ်ခံလျှောက်ထားသဖြင့် ၁၄-၇-၂၀၁၆ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကာဒသမ အစည်းအဝေးက ၂၀၁၇-ခုနှစ်မှစ၍ အခြေပြုမူလတန်းကို ပြန်လည်ကျင်းပပါရန်၊ မေးခွန်းလွှာများ ကို ပါဠိပထမပြန်စာမေးပွဲ ပညာရေးဗဟိုအဖွဲ့မှ ထုတ်ပေးရန်၊ အဖြေလွှာများစစ်ဆေးခြင်း, အောင်စာရင်းထုတ်ပြန်ခြင်းများကို တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယက အဖွဲ့များက တာဝန်ယူ ဆောင်ရွက်ရန်နှင့် အောင်စာရင်းအပြည့်အစုံကို ပါဠိပထမပြန်ပညာရေးဗဟိုအဖွဲ့သို့ ပြန်လည်တင်ပြရန်ဟု ဆုံးဖြတ်ခဲ့ပါသည်။


၄။ ၁၉၉၉ ခုနှစ်တွင် ပထမပြန်စာမေးပွဲဝင်ပုဂ္ဂိုလ်များ တစ်နှစ်ထက်တစ်နှစ် များပြားလာသဖြင့် ပညာရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ ကြီးမားကျယ်ပြန့်လာခြင်း မေးခွန်းလုံခြုံအောင် ထိန်းသိမ်းရခြင်း၊ စာဖြေဌာနများသို့ မေးခွန်းအချိန်မှီရောက်အောင် ပေးပို့ရခြင်းစသော တာဝန်များ ကြီးလေးလာသဖြင့် လုပ်ငန်းတာဝန် လျော့ပါးသွားစေရန်လည်းကောင်း၊ ပြည်နယ်/တိုင်းအလိုက် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာသည့်အခါ ပြည်နယ်/တိုင်းအလိုက် စာမေးပွဲကျင်းပနိုင်ရေး အခက်အခဲမရှိ အလွယ်တကူဆောင်ရွက်စေနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ ပြည်နယ်/တိုင်း ဉက္ကဋ္ဌဆရာတော်ကြီးများ၊ အကျိုးတော်ဆောင် ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များ၊ စာသင်တိုက်ကြီးများမှ ပဓာနနာယက ဆရာတော်ကြီးများထံ ဩဝါဒခံယူ၍ ဆရာဒကာတိုင်ပင်ညှိနှိုင်းပြီး ပြည်နယ်/တိုင်း အလိုက် အသီးသီးတာဝန်ယူကျင်းပခဲ့ပါသည်။


၅။ ၂၀၁၃ ခုနှစ်မှစတင်၍ ဆဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌမအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ စာမေးပွဲဖြေဆိုချိန်နှင့် မေးခွန်းပုစ္ဆာတူညီမှု တစ်ပြေးညီဖြစ်စေရန် အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ခွင့်ပြုစာဖြေဌာန (၂၃၈)ဌာနအတွက် ပုစ္ဆာထုတ်ခြင်း၊ စာစစ်ခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို ဗဟိုမှ ယနေ့အထိ ပြန်လည်ဆောင်ရွက်ခဲ့ပါသည်။


၆။ နှစ်စဉ် အခြေခံပညာအထက်တန်းစာမေးပွဲကျင်းပပြီး မတ်လနောက်ဆုံးပတ်မှ ဧပြီလဆန်း အထိ ပထမကြီးတန်း(၇)ဘာသာ (၇)ရက်၊ ပထမလတ်တန်း (၆)ဘာသာ (၆)ရက်၊ ပထမငယ်တန်း (၅)ဘာသာ (၅)ရက် မြန်မာတစ်နိုင်ငံလုံးရှိ ခွင့်ပြုစာဖြေဌာန(၂၃၉)ဌာနတွင် တစ်ပြိုင်တည်း ကျင်းပပါသည်။ ၂၀၁၇-ခုနှစ် မှစ၍ အခြေပြုမူလတန်းကို ၄ ဘာသာ ၄ရက်ဖြင့် ထည့်သွင်းကျင်းပပါမည်။
ဖြေဆိုမည့်သူ၏ အရည်အချင်းသတ်မှတ်ချက်စာမေးပွဲ စတင်ဖြေဆိုသောနေ့၌ အသက် ၁၃-နှစ်ပြည့်ပြီးသော ရဟန်း၊ သာမဏေ၊ သီလရှင် များသာမက လူပုဂ္ဂိုလ်များပါ ပါဠိပထမပြန်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။ ၂၀၁၇-ခုနှစ် မှစ၍ အခြေပြုမူလတန်းကို ပြန်လည်ထည့်သွင်းကျင်းပခဲ့ရာ စာမေးပွဲဖြေဆိုချိန်တွင် အသက် ၁၂-နှစ်တင်းတင်းပြည့်မှသာ အခြေပြုမူလတန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။ ၁၃၇၆ (၂၀၁၈)ခုနှစ်တွင် အခြေပြုမူလတန်းစာမေးပွဲအောင်မြင်မှသာ ပထမငယ်တန်းသို့ ဝင်ရောက် ဖြေဆိုခွင့်ရှိသည်။


ဆက်ကပ်သည့် အောင်လက်မှတ်
တစ်နိုင်ငံလုံးမှ စာဖြေသံဃာများအနက် ပထမငယ်တန်း (ပထမ၊ ဒုတိယ၊ တတိယ)ကို လည်းကောင်း၊ ပထမလတ်တန်း (ပထမ၊ ဒုတိယ၊ တတိယ)ကိုလည်းကောင်း၊ ၁၂၆၀-ပြည့်နှစ် ကတည်းက ပထမကြီးတန်း အောင်မြင်သူများအနက် အမှတ်အများဆုံးရရှိပါက ပထမကျော် အောင်လက်မှတ်ကိုလည်းကောင်း၊ ပထမကြီး (ဒုတိယ၊ တတိယ)ကိုလည်းကောင်း ရွေးချယ်ဆက်ကပ်ပါသည်။ တစ်ပြည်လုံးအောင်မြင်သူ သီလရှင်များအနက် အမှတ်အများဆုံး ပုဂ္ဂိုလ်အား အတန်းလိုက် ပထမကြီးတန်း သီလရှင်(ပထမ)၊ ပထမလတ်တန်း သီလရှင်(ပထမ)၊ ပထမငယ်တန်းသီလရှင် (ပထမ)အဖြစ် ရွေးချယ်ချီးမြှင့်ပါသည်။ အဆိုပါဆုရ စာဖြေပုဂ္ဂိုလ်များကို ဓမ္မာစရိယဘွဲ့ဆက်ကပ်သည့် မဟာဘွဲ့နှင်းအခမ်းအနား တွင် ဆုချီးမြှင့်ပြီး ရိုးရိုးအောင်စာဖြေပုဂ္ဂိုလ်တို့၏ အောင်လက်မှတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးရုံးများမှတစ်ဆင့် ဆက်ကပ်ပါသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ Official Website တွင် Myanmar 3 ဖြင့် ဖော်ပြထားသည့် ပါဠိပထမပြန်စာမေးပွဲများဖြစ်ပေါ်လာပုံ Post အား Zawgyi Font ပြောင်း၍ ဖော်ပြပေးခြင်း ဖြစ်ပါသည်။ YMT


မိမိ၏အယူအဆများ
အခြေပြုမူလတန်းပြဋ္ဌာန်းကျမ်းစာများနှင့် ဆောင်ထားသင့်သည့်စာအုပ်များ
ပြဋ္ဌာန်းကျမ်းစာများမှာ ပုံတွင် ဖော်ပြထားသည့်အတိုင်း လေးဘာသာဖြစ်ပြီး ဆောင်ထားသင့်သည့် စာအုပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) သုကုမာရမဂ္ဂဒီပနီ (သာသနာရေးဦးစီးဌာနက ထုတ်ဝေသည့် စာအုပ်ကိုသာ သုံးသင့်သည်။)
http://www.kbrl.gov.mm/book/details/003446?categoryId=54


(၂) သဒ္ဒါကြီးနိဿယ လက်ဆောင် (အရှင်တိလောကာဘိဝံသ – အင်းစိန်)
http://dhammadownload.com/File-Library/for-PahtamagyiGrade-Students/AshinTilokaBhivamsa-ThaDarGyiNateThaYaLetSaung.pdf?fbclid=IwAR3STqF9pn7uapjB8DINR8ivrvv2xvRbVtKwaburHpa3-GCZQdykZzHEOEw


(၃) အခြေပြု သဒ္ဒါ (မဟာဂန္ဓာရုံဆရာတော်)
http://dhammadownload.com/…/books/others/Grammar_Basic.pdf


(၄) အခြေပြုသဒ္ဒါ တွဲဖက်
http://dhammadownload.com/File-Library/Ashin-Janakabhivamsa/Ashin-Janakabhivamsa-AhChayPyuThadarTwelPhet.pdf?fbclid=IwAR2npAXyLoxEtYRdg-7nx9xJ0qgyWBCdMgInVpCaBO6R_bja830HGFadi9E


(၅) ရှင်မဟာကစ္စည်းထေရ စီရင်ရေးသားတော်မူအပ်သော ကစ္စည်းသဒ္ဒါကြီး ပါဌ်
http://dhammadownload.com/File-Library/for-PahtamagyiGrade-Students/AshinmaharKitsee-Kitsee-Thadargyi-Pali.pdf?fbclid=IwAR0qv4TPyRtDeLtXmK8jNUGKvoSTopnevMZIamzWPEZsyoN2UBOH3t4SxoU

(အနီရောင် မျက်နှာဖုံးနှင့် မော်လူးက စီစဉ်သည့် စာအုပ်အသုံးများသည်။)


(၆) အခြေပြု သဂြိုဟ် (မဟာဂန္ဓာရုံဆရာတော်)
http://dhammadownload.com/File-Library/Ashin-Janakabhivamsa/books/others/Sangaha_Basic.pdf?fbclid=IwAR3TA5ETBkpAa6A02dnlzVEJPKF1jpzDlop2nV9-_71HqjYQzWwYgShe228


(၇) ငယ်၊လတ်၊ကြီး စာမေးပွဲများအတွက် အဘိဓမ္မာအောင်ပန်း – ပထမတွဲ (အရှင်ဉာဏသာမိ-မြစ်သား)
http://dhammadownload.com/File-Library/for-PahtamagyiGrade-Students/AshinNyannatharmi-PahtamaNgeLatGyi-AbhidhammaAungPen(1).pdf?fbclid=IwAR1NV6nudHt4FHdm3nKublGUfuKDeP_niqboSBmxkSWsqoxjac6oAgDI_EM


(၈) အဘိဓမ္မာလက်ဆောင် (အရှင်တိလောကာဘိဝံသ-အင်းစိန်)

http://dhammadownload.com/File-Library/for-PahtamagyiGrade-Students/AshinTilokaBhivamsa-Abhidhamma-LetSaung.pdf?fbclid=IwAR2npAXyLoxEtYRdg-7nx9xJ0qgyWBCdMgInVpCaBO6R_bja830HGFadi9E


(၉) သင်္ဂြု ိလ်မေးကွက် (အတွဲ-၁) အရှင်စန္ဒဇောတိ (ပါဠိပါရဂူ၊ ပိဋိကတ်တစ်ပုံဆောင်)
http://dhammadownload.com/File-Library/for-PahtamagyiGrade-Students/AshinCandaJoti-ThinJoMaeKwet-volume-1.pdf?fbclid=IwAR07Ee00QSDj3XmEiWzoXgMOjUSn5S5IrX-jWh92C5XHOYbmTR14IWK_CKs


(၁၀) သင်္ဂြု ိလ်မေးကွက် (အတွဲ-၂) အရှင်စန္ဒဇောတိ (ပါဠိပါရဂူ၊ ပိဋိကတ်တစ်ပုံဆောင်)
http://dhammadownload.com/File-Library/for-PahtamagyiGrade-Students/AshinCandaJoti-ThinJoMaeKwet-volume-2.pdf?fbclid=IwAR04KGvIR0flwcG4PbSsKzCFlOUnPOAV4kI2yD-CijtVEti9d1ph289qrho


(၁၁) အဘိဓမ္မတ္ထသင်္ဂဟပါဌ်
http://dhammadownload.com/File-Library/for-PahtamalatGrade-Students/ThiHoKyoonAshinAhNuYokeDarMaHtay-AbhidhammatHtaThingahapart.pdf?fbclid=IwAR1NhK-lqZ3Zb2WMIoOjnsFeucAelq8MhiJK9w2mUiwW4OiMcGBFXw3tFKw


(၁၂) တိကမာတိကာ၊ ရွှေညဝါအမှတ်-၁ (ရွှေညဝါ ဦးသုန်)
http://dhammadownload.com/File-Library/for-PahtamalatGrade-Students/ShweNyaWarUThone-TikaMartikar-Shwenyawar-01.pdf?fbclid=IwAR1VUBIfFRGY4i4TgidnW3SUUZHBOCgLXU2cFWVEQWir40d2-FmTgZiOjGM


(၁၃) မာတိကာ+ဓာတုကထာလက်ဆောင်၊ စာအမှတ်စဉ်-၄ (အရှင်တိလောကာဘိဝံသ-အင်းစိန်)
http://dhammadownload.com/File-Library/for-PahtamalatGrade-Students/AshinTilokaBhivamsa-Martikar+DartukahtarLetSaung.pdf?fbclid=IwAR3STqF9pn7uapjB8DINR8ivrvv2xvRbVtKwaburHpa3-GCZQdykZzHEOEw


(၁၄) ပုစ္ဆာနှင့်အဖြေစုံစာအုပ်များ

တစ်ဘာသာချင်းအတွက်သုံးသပ်ချက်များ
(၁) သုကုမာရမဂ္ဂဒီပနီဘာသာ (လူပုဂ္ဂိုလ်များအတွက်)
ဒီဃနိကာယ်၊ သိင်္ဂါလောဝါဒသုတ်ကို လယ်တီဆရာတော်ဘုရားကြီးက သူငယ်ကောင်းဖြစ်ရေးလမ်းညွှန် (ခ) သုကုမာရမဂ္ဂဒီပနီ အမည်ဖြင့် ပြုစုထားခြင်း ဖြစ်ပါသည်။ ဤဘာသာကို အောင်မြင်ရန် အလွန်လွယ်ကူပါသည်။ ပျင်းရိခြင်းအပြစ်များ၊ မိဘကျင့်ဝတ်၊ ဆရာကျင့်ဝတ် စသည်တို့ဖြစ်ပါသည်။
(၂) ကစ္စည်းသဒ္ဒါကြီးဘာသာ
အဘိဓမ္မာအောင်မြင်ထားသော လူပုဂ္ဂိုလ်အများစု မရင်းနှီးသော ဘာသာဖြစ်ပါသည်။ အောင်မြင်ရန် အခက်ဆုံး ဘာသာဟုပင် ဆိုနိုင်သည်။ အောင်မြင်ရန်ပင် အားထည့်လေ့လာရသည်ဖြစ်ရာ စာကျေထူးချွန်လိုသူများ များစွာ ဝီရိယထား လေ့လာရန်လိုအပ်သည်။ ကျန်ဘာသာသုံးခုကို Self- Study ပြုလုပ်၍ ရသော်လည်း ဤဘာသာအတွက်မူ စာသင်တိုက်တစ်ခုတွင် စနစ်တကျ ဆည်းပူးလေ့လာသွားရန် လိုအပ်ပေသည်။
(၃) အဘိဓမ္မာ(ရိုးရိုးတန်း) အောင်မြင်၍ သရုပ်ကြေနေသူများအဖို့ အောင်မှတ်လွယ်ကူစွာ ရနိုင်သည့်ဘာသာ ဖြစ်ပါသည်။ သို့ရာတွင် ပါဠိနှင့် အနက်များကိုလည်း အာဂုံဆောင်ထားမှသာ ထူးချွန်စွာ အောင်မြင်နိုင်မည် ဖြစ်သကဲ့သို့ ငယ်၊လတ်၊ကြီး အတန်းများအတွက်လည်း အထောက်အကူ ရပေမည်။
(၄) တိကမာတိကာဘာသာ
တိက်(၂၂) တိက်သာ လေ့လာဖြေဆိုရသည့်အတွက် ဤဘာသာသည်လည်း အလွန်လွယ်ကူပေသည်။ လူပုဂ္ဂိုလ်များ ဖြေဆို၍ ဓမ္မာစရိယတန်းထိတိုင် တက်လှမ်းနိုင်ကြပါစေ။ မရှင်းလင်းသည်များ Message ပေးပို့မေးမြန်းနိုင်ပါသည်။


Ye Min Thu

4 thoughts on “အခြေပြုမူလတန်းဖြေဆိုလိုသူများလေ့လာသိရှိနိုင်ရန်

  1. ကျေးဇူးပါရှင့်
    စလေ့လာသူတွေအတွက်အရမ်းအသုံးဝင်ပါတယ်ရှင့်

  2. Online ပဲအဆင်ပြေမှာမို့ ရှာကြည့်နေတာ။face book group တွေရှကြည့်မိတာ။ဒီ web site လေးတွေ့သွားတော့ များစွာ အကျိုးရှိပါတယ်ရှငိ့။ကျေးဇူးပါရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *