Skip to content
- ပါရာဇိကဏ်ကျမ်းကိုင်တဲ့
ညီတော်,နောင်တော်များ အတွက်
- ပထမဆုံးနေ့မှာ အခက်မတွေ့စေဖို့
- ပါရာဇိကဏ် ပထမနေ့အတွက်
“အဋ္ဌကထာကောက်နှုတ်ချက်”ပါဘုရား🙏
- ဒီစာအုပ်မှာ
အစိုးရဓမ္မာစရိယမေးခွန်းဟောင်းများနဲ့
မဟာဂန္ဓာရာမိကဓမ္မာစရိယမေးခွန်းဟောင်း
များကို အခြေခံကာ
နိုင်ငံတဝှမ်းလုံးရှိ နာမည်ကြီး စာသင်တိုက်ကြီး
များရဲ့ တိုက်တွင်း လေ့ကျင့်ခန်း မေးခွန်းများနဲ့
အစစ်ကြီးမေးခွန်းများကို အွန်းလိုင်းက ရှာဖွေ၍
ရနိုင်သမျှ “ကောက်နှုတ်”ထည့်သွင်းထားပါတယ်
ဘုရား။
ထို့အပြင် –
- စာပိုဒ်တိုင်းရဲ့ နောက်မှာ စာလုံးမဲဖြင့် မေးလို့ရနိုင်တဲ့
နည်း, မေးထားသောနည်းများကိုလည်း ထည့်သွင်း
ထားပေးပါတယ်ဘုရား
- အနက်လှည့်တဲ့အခါမှာ ပေးထားသော နည်းတွေကို
တပါတည်း အသုံးပြုပြီး လှည့်ရင် စာမေးပွဲအတွက်
အများကြီး အထောက်အပံ့ဖြစ်မှာပါဘုရား
- တပည့်တော်ရဲ့ ”ကောက်နှုတ်ချက်”က အရှင်ဘုရား
များအတွက် တစ်စုံတစ်ရာ အထောက်အပံ့ ဖြစ်စေရင်
ဘုရားတပည့်တော် အပင်ပမ်းခံ၍ စီစဉ်ရကျိုးနပ်ပါပြီ
ဘုရား🙏
စီစဉ်သူ –
💙အ ရှင် နေ ပု ည(ရွာငံ)💙
🤍 ၂ ၀ ၊ ၂ ၊ ၂ ၀ ၂ ၃🤍