ဆဝါရသင်္ချာအလွယ်ကျက်နည်း

Credit ဆရာငြိမ်းဝေသူ

အနုလုံ

ဇယားကွက်ရှိတရားများကိုအလွတ်ရနေအောင်ကျက်ထားပါ။ ဘယ်ဘက်အခြမ်းသည်သင်္ချာ(၉၊ ၁၇၊ ၃)ရသောတရားများဖြစ်ပြီးညာဖက်ခြမ်းရှိတရားများမျာသချင်္ာ( ၃၊ ၇၊ ၃)ရသော တရားများဖြစ်ပါသည်။
သုဒ္ဓသချင်္ာ–
ဟေတုမှစ၍အစဉ်အတိုင်းပူဇော်ပါ။ဘယ်ဖက်ရောက်တိုင်း သချင်္ာ(၉၊ ၁၇၊ ၃)။ညာဖက်ရောက်တိုင်းသချင်္ာ(၃၊ ၇၊ ၃)
ဒုကအတွက်–
မူတရားသည်(၉၊ ၁၇၊ ၃)ဖြစ်လျှင်သုဒ္ဓသချင်္ာအတိုင်း မူတရားသည်(၃၊ ၇၊ ၃)ဖြစ်လျှင်အားလုံး(၃၊ ၇၊ ၃) ဝိပါကနှင့်တွဲလျှင်(၁၊ ၁၊ ၁) တိကမှအထက်–ဝိပါကမှလွဲ၍အားလုံး(၃၊ ၇၊ ၃) ပါဠိတော်တွင်ခေါင်းစဉ်များကိုသီးခြားမှတ်သားပါ။ ဥပမာ–သုဒ္ဓပြီးလျှင် ဟေတုဒုက၊ပြီးလျှင်တိက–ပြီးလျှင်ဒွါဒသက(သာသေဝန) ပြီးလျှင်ဗာဝီသက(သာသေဝန)။ပြီးလျှင်– တေရသက(သဝိပါက)-ပြီးလျှင်ဗာဝီသက(သဝိပါက) ပြီးလျှင်-အာရမ္မဏဒုကစသဖြင့်–မှတ်ပြီးအစဉ်အတိုင်းဆိုပါ။

ပစ္စနိက်
ပစ္စနိက်အတွက်ဇယားကိုကြည့်၍ တရားများနေရာချထားပုံကိုအလွတ်ရအောင်မှတ်သားပါ။ သင်္ချာတူတရားများကိုအရောင်တူဖြင့်ပြထားရာ နအာရမ္မဏအုပ်စု(အဝါရောင်) နအဓိပတိအုပ်စု(အပြာရောင်) နအာဟာရအုပ်စု(အစိမ်းရောင်)ဖြစ်ပြီး ကျန်တရားလေးခုမှာသင်္ချာမတူပါ။ ထို့ကြောင့်စုစုပေါင်းသင်္ချာ(၇)မျိုးသာရပါမည်။ ထိုတရား(၇)မျိုးတို့၏ဆက်စပ်ပုံမှာ– ဇယားအောက်ခြေတွင်ပြထားပါသည်။ ဇယားကိုလက်ထောက်၍လေ့ကျင့်ပါ။ ဥပမာ–နဟေတုနှင့်နအာရမ္မဏတွဲလျှင်သချင်္ာ(၁-၁) နအဓိပတိနှင့်တွဲလျှင်မူလီတရားပြန်ရသဖြင့်သချင်္ာ(၂-၄) အဝါရောင်တရားများနှင့်တွဲတိုင်းသချင်္ာ(၁-၁)သာ။ အပြာရောင်နှင့်တွဲတိုင်းသင်္ချာ(၂-၄) အစိမ်းနှင့်တွဲတိုင်းသင်္ချာ(၁-၁) အရောင်မတူတရားများဖြစ်သော(ပုံတွင်ကြည့်ပါ) နဟေတုနှင့်နပုရေဇာတသချင်္ာ(၂-၂) နဟေတုနှင့်နကမ္မသချင်္ာ(၁-၁) နဟေတုနှင့်နဝိပ္ပယုတ္တတွဲလျှင်သချင်္ာ(၂-၂) အခြားတရားများကိုလည်းထိုနည်းအတိုင်း လက်ထောက်၍ လေ့ကျင့်လိုက်လျှင်ဒုကအားလုံးရသွားပါလိမ့်မည်။ ဆက်လက်၍ပါဠိတော်စာအုပ်တွင်တရားအစဉ်ကိုမှတ်ပါ။ သုဒ္ဓပြီးလျှင်နဟေတုဒုက–ပြီးလျှင်တိက–ပြီးလျှင်-ဝီသက ပြီးလျှင်နအာရမ္မဏဒုကပြီးလျှင်တိကစသဖြင့်မှတ်သား၍ ဆက်လက်ကျက်နိုင်ပါပြီ။

ဒွေဝါရအတွက်မူသချင်္ာနှစ်မျိုးသာရသောအဝါရောင်အုပ်စုနှင့် အစိမ်းရောင်အုပ်စုမှ နအာဟာရ၊နဣန္ဒြိယတို့ကိုလျော့ပါ။ ကျန်တရားများ၏နောက်ဆုံးသချင်္ာများသည်ဒွေဝါရအတွက် ဖြစ်ပါသည်။ ထို့ကြောင့်သုဒ္ဓဖြစ်လျှင်နဟေတုယာဒွေ၊နအဓိပတိယာတီဏိ၊(အဝါရောင်များကျော်) နပုရေဇာတေတီဏိ၊နပစ္ဆာဇာတေတီဏိ၊စသဖြင့်သွားပါသည်။ ဒုကများတွင်လဲတရားနှစ်ခုတွဲလျှင်နည်းရာထုတ်ပါ။ ဥပမာနဟေတု(ဒွေ)ပစ္စယာနအဓိပတိယာ(တီဏိ) ၄င်းနှစ်ခုတွဲလျှင်နည်းရာသင်္ချာ(ဒွေ)ရပါမည်။ ထိုကဲ့သို့မရသောတရားများကိုသီးသန့်မှတ်ပါ။ ဘာကြောင့်မရသည်ကိုအရကောက်များနှင့်တိုက်ဆိုင် စစ်ဆေးလိုက်လျှင်ဆသင်္ချာရေးဖြေအတွက်ပါကျွမ်းကျင် သွားပါလိမ့်မည်။
အဆင်ပြေပါစေ—

အနုလောမပစ္စနိက်
အနုလောမပစ္စနိက်သည်အနုလုံတရားကို–မူ– ပစ္စနိက်တရားကိုမူလီထား၍ဝါရ(၆)ပါးနှင့်ဟောထားခြင်းဖြစ်ပါသည်။ ဇယား(၁)မူတရားသည်(အပိုင်း-၁အနုလုံဇယားတွင် ပြန်ကြည့်ပါ။) မူတရားသည်(၉-၁၇-၃)ရသောဟေတု၊အဓိပတိ၊သဟဇာတ၊ နိဿယ၊စသောတရားများမူတရားဖြစ်ပါက မူလီတရားအတိုင်းသာ သင်္ချာပြန်ရမည်ဖြစ်ပါသည်။ သို့ရာတွင် မူတရားအလိုက်တွဲ၍ မရသောမူလီကိုလျော့၍ ဆိုရပါမည်။ ဥပမာဟေတုမူဖြစ်ပါက နဟေတုကိုလျော့ပါ။ လျော့ရမည့်တရားကို အောက်ဖက်တွင် ဖော်ပြထားပါသည်။ ကြည့်ပါက ဟေတုတွင် အနီရောင်၊ အစိမ်းရောင်တရားများ လျော့ပါဟုပြထားသဖြင့် ဟေတုဒုကတွင် နဟေတု၊ နအာဟာရ၊ နဣန္ဒြိယ၊ နစျာန၊ နမဂ္ဂတို့ကိုလျော့၍ ကျန်တရားများကိုသာဆိုပါ။သချင်္ာများမှာပစ္စနိက်အတိုင်းသာ။ ဟေတုတိကဖြစ်သွားလျှင်ဇယား(၂)ကိုကြည့်ပါ။ မူတရားသည်ဟေတုနှင့် အာရမ္မဏနှစ်ခုဖြစ်လာသဖြင့် အရမ္မဏနှင့်ဆိုင်ရာတရားများ (ဝါ/နီ) ထပ်လျော့ပါက (ဇယားတွင်ကြည့်ပါ) နအဓိပတိ၊ နပုရေဇာတ ၊နပစ္ဆာဇာတ၊ နအာသေဝန၊ နကမ္မ၊ နဝိပါက၊ နဝိပ္ပယုတ္တသာကျန်ပါတော့မည်။ ထိုအတိုင်းပင် မူတွင်တရားတိုးသွားပါက မူလီတွင်လျော့သင့်ရာကို လျော့၍ဆိုပါ။

ဇယား(၂)အတွက်–
အပိုင်း(၁)ပါအနုလုံတရားများတွင်သချင်္ာ(၃-၇-၃)ရသော အညမညအတွက် ဇယားဖြစ်ပါသည်။ဇယား(၁)နှင့် နှိုင်းယှဉ် ကြည့်ပါက အဝါရောင်တရားများ။ အပြာရောင်တရားများနှင့် နဇာတသာလျှင်ပြောင်းလဲပါသည်။ ကျန်တရားများ မပြောင်းပါ။ အညမညအတွက် လျော့ရန်တရားမှာ–
နအညမညသာရှိပါသည်။ အပိုင်း(၁)ပုံတွင်ပြန်ကြည့်ပါက မူတရားတွင်သချင်္ာ(၃-၇-၃)ရသောအာရမ္မဏ၊အနန္တရ၊ သမနန္တရ၊ဥပနိဿယ၊စသောတရားများအတွက် (ဝါ/နီ)တရားများအပြင်ပစ္စည်းတစ်ခုချင်းအလိုက် လျော့သင့်ရာကိုထပ်လျော့ပါ။
ဥပမာ–ပုရေဇာတဒုကဆိုပါက ဦးစွာနပုရေဇာလျော့ပါ။
ထိုနောက်ပုံ(၁)ရှိ လျော့သင့်ရာကိုကြည့်ပါက– (ဝါ/နီ+နဝိပ္ပယုတ္တ) ဟုတွေ့ပါမည်။ ၎င်းတို့ကိုထပ်လျော့ပါ။ ထို့နောက်ဇယားတွင် ကြည့်ပါက ကျန်သောတရားမှာ နဟတေု၊ နအဓိပတိ၊ နပစ်ဆာဇာတ၊ နအာသဝေန၊ နကမ္မ၊ နဝိပါက ၊နစျာန ၊နမဂ္ဂသာကျန်ပါမည်။
သချင်္ာမှဇယားတွင်ရှိသည့်အတိုင်းပင်ဖြစ်ပါသည်။ မူတရားဝိပါကအတွက်— အနုလုံတွင်ဝိပါကသည် သင်္ချာ(၁-၁-၁)ရသောတရား ဖြစ်သဖြင့်မည်သည့်တရားနှင့် တွဲသည်ဖြစ်စေ သင်္ချာ(၁-၁-၁)သာလျှင်ပြန်ရပါမည်။ ထိုကြောင့်ဝိပါကပစ္စည်းနှင့်မတွဲသော ဇယား(၁)တွင်ကြည့်ပါ။ (နကမ္မ+နီ)ဟုတွေ့ရပါမည်။ ထိုတရားကိုလျော့၍ ကျန်တရားများကိုသာဆိုပါ။

ပါဠိတော်တွင် ဟေတုဒုက၊ တိက၊ စတုက္က၊ ဧကာဒသက စသဖြင့်အစဉ်ကို မှတ်ထားပါ။ အထူးအားဖြင့်မှာလိုသည်မှာ မူပစ္စည်းတစ်ခုချင်းအလိုက် လျော့ရမည့်တရားများ မတူသောကြောင့်– ဇယား(၂)ခုကိုမှတ်မိအောင် ကြည့်ထားပါ။ ပစ္စည်းတစ်ခုခုချင်းအလိုက် ဇယားကိုကြည့်၍
အထပ်ထပ်လေ့ကျင့်ပါ။ မှတ်မိလာပါလိမ့်မည်။

Leave a Reply

Your email address will not be published. Required fields are marked *