ဘာသာရေးဆိုင်ရာတက္ကသိုလ် တက်နေတဲ့ ရဟန်းရှင်လူတွေ M.A စတဲ့အတန်းတွေရောက်ရင် ကျမ်းရေးရတာတွေ ရှိလာပါပြီ။ အဲဒါကြောင့် Handbook for researchers ဆိုတဲ့ နှစ်အုပ်တွဲစာအုပ် လေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ်။
ဒီစာအုပ်က သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမ မြန်မာကျောင်းတိုက် ဆရာတော်ကြီးများ၏ လမ်းညွှန်မှုနဲ့ သီရိလင်္ကာနိုင်ငံရှိ မြန်မာသုတေသနပညာရှင်များအသင်း (MRAS) က ၂၀၂၁ ခုနှစ်မှစတင်၍ ဝါတွင်းကာလတိုင်း နှစ်စဉ်ကျင်းပပြုလုပ်ခဲ့တဲ့ Online Research Training Course တွင် သုတေသနစီနီယာကျောင်းသားများ တင်ပြခဲ့သော PowerPoint သင်ခန်းစာဖိုင်များကို စုစည်းတည်းဖြတ်ထားတဲ့ စာအုပ် ဖြစ်ပါတယ်။
စာအုပ်ပေးပို့ပေးတဲ့ အရှင်ဓမ္မဒိန္နကိုလည်း ကျေးဇူးတင်ရှိပါတယ်ဘုရား။
