ကျွန်တော်တို့ Dhamma Archive Website လေးမှာ စာတော်ပြန်ပွဲ ဖြေဆိုသူတွေ အဆင်ပြေစေဖို့ လူပုဂ္ဂိုလ်တွေ ဖြေဆိုနေကြတဲ့ ကျမ်းအစိတ်အပိုင်း ၁၅ ခုရဲ့ အသံဖိုင်တွေကို တင်ပေးလျက်ရှိပါတယ်။ အသံဖိုင် ပူဇော်ပေးသူများမှာ ဆရာကြီးဦးတိုးဝင်းထွန်း၊ ကိုသောင်းဒန် တို့က အဓိက ပူဇော်ပေးထားကြပြီး ဓာတုကထာမှာ ကိုအောင်သက်နိုင်ရဲ့ အသံဖိုင်လည်း ပါဝင်ပါတယ်။ အခု အသံဖိုင်ကတော့ ဆရာမကြီးဒေါ်ဝင်းမြင့်သိန်း ရွတ်ဆိုပူဇော် ပေးထားသည့် ဓာတုကထာပလ္လင်(၁) အသံဖိုင် ဖြစ်ပါတယ်။ အသံဖိုင် နာယူသူတွေထဲမှာ ဖြည်းဖြည်းပူဇော်တာကြိုက်သူ၊ နည်းနည်းမြန်မြန်လေး ရွတ်ဆိုတာကြိုက်သူ စသဖြင့် မျိုးစုံရှိကြမည်ဖြစ်ရာ မိမိနဲ့ အဆင်ပြေတဲ့ အသံဖိုင်ကို ရွေးချယ်နာယူနိုင်ကြပါတယ်ခင်ဗျာ။