အစိုးရပထမကြီးတန်း(၁၂)နှစ်စာ အဘိဓာန် လုံးကောက်၊ အဘိဓာန်အဓိပ္ပါယ်၊ ဆန်းအဓိပ္ပါယ်၊ ဆန်းပါဠိ မေးခွန်းဟောင်းများ

သောတုဇနတို့ လွယ်ကူစွာ လေ့လာကြည့်ရှု၍ စာပေ အသိပညာ ဗဟုသုတများ ရရှိပြီး ဆိုင်ရာစာမေးပွဲများ ရဲဝင့်စွာ ဖြေဆိုနိုင်ခြင်း၊
📣
တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲ စုစည်းထားလိုခြင်း၊
📣
ပညာပါရမီ ပညာဒါန အမတဒါန ကုသိုလ်ထူးကို ရယူလိုခြင်း
စသော သမ္မာဆန္ဒတို့ဖြင့် PDF ဖိုင် လှူဒါန်းပါသည်။
#ဝိညာပနံ📢

ဤစာအုပ်၌ မိမိ၏ သတိပညာ နုနယ်မှုနှင့် အာရုံထွေပြား ဝေဝါးမှုများကြောင့် တစ်စုံတစ်ခု မှားယွင်းချွတ်ချော် တိမ်းစောင်း မှုတို့ မလွဲဧကန် အမှန်စင်စစ် တွေ့ရှိမည် ဖြစ်ပါသည်။
တွေ့ရှိခဲ့က အမှားသည် သဗ္ဗညုဘုရားရှင်မှတစ်ပါး ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်သော်မှ ရှောင်လွှဲနိုင်သည့့်အရာမဟုတ်ဟု သူတော်တရား လက်ကိုင်ထားကာ မိမိစီရင် ကျမ်းအသွင်သို့ ပြင်ဆင်ဖြည့်စွက်၍ အပြစ်တော်မဝင်ဘဲ အချစ်တော်ဝင်ကာ မူရင်းကျမ်းစာများနှင့် တိုက်ဆိုင်ကြည့်ရှုပါရန်နှင့်
မိမိဘဝ တိုးတက်အောင်မြင်ရေး ပန်းတိုင်ဆီသို့ လှမ်းကိုင်နိုင်ဖို့ရာ လှေခါးတစ်ပမာ အသုံးပြုနိုင်ပါစေဟု အသိပေး တိုက်တွန်း၍ ဆန္ဒပြုလိုက်ရပေတော့သည်။

မှတ်ချက် အဘိဓာန် ဂါထာနေကတ္ထဝဂ်ကို အပိုင်ကျက်၍ ဤမှတ်စုပါ မေးခွန်းဟောင်းများကို ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးသကဲ့သို့ ကြေညက်စွာ သရဇ္ဈာယ် အာဂုံဆောင်ထားပါက ပထမကြီးတန်း၏ အဘိဓာန် အလင်္ကါ ဆန်းဘာသာရပ်၌ အောင်မှတ် (၄၀) ဖိုး ရမည်ဟု ရဲရဲကြီး အာမခံပါသည်။

✴✴ လီဂဲ စာရွက် (၁၆) ရွက်ရှိသည်၊
PDF ဖိုင်ကို ဒေါင်း၍ ဖုန်းထဲ၌ အလွယ်တကူ လေ့လာကြည့်ရှုနိုင်သလို
မိတ္တူစက်ဖြင့် ကျောကပ်ထုတ်ပီး စာအုပ်အဖြစ်လည်း လေ့လာကြည့်ရှုနိုင်ပါသည်။✳✳
🔔အတေွ့အကြုံသည် အကောင်းဆုံး ဆရာဖြစ်သည်။
❤ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု❤

အရှင်ပညာဝံသာလင်္ကာရ (ပျဥ်းမနား)
{ သာမဏေကျော်ပရိယတ္တိစာသင်တိုက်၊
ပဲခူးမြို့ }
(4-2-2023)

2 thoughts on “အစိုးရပထမကြီးတန်း(၁၂)နှစ်စာ အဘိဓာန် လုံးကောက်၊ အဘိဓာန်အဓိပ္ပါယ်၊ ဆန်းအဓိပ္ပါယ်၊ ဆန်းပါဠိ မေးခွန်းဟောင်းများ

Leave a Reply to admin Cancel reply

Your email address will not be published. Required fields are marked *